ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ပျဉ်းမနားမြို့နယ်အတွင်း ငလျင်ဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၅) ရက်နေ့၊  မွန်းလွဲ (၁၄:၀၀) အချိန်တွင်ပျဉ်းမနားမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ငလျင်ဘေးကြောင့်  တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၀၀)အိမ်ထောင်စုအတွက် တစ်အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေသိန်း (၃၀,၀၀၀,၀၀၀ိ/-) အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #eq #‌npt_July_2025 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့ မြန်မာစံဲာ်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် ၀၇:၃၀ နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

  • လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေး ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂-၇-၂၀၂၅) ရက်နေ့၊နံနက် (၁၀း၀၀) အချိန်တွင် လယ်ဝေးမြို့နယ်၊ သီရိမင်္ဂလာခန်းမ၌ ငလျင်ဘေးကြောင့်  တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၈၀၀) အိမ်ထောင်စုအတွက် (၁)အိမ်ထောင်စုလျှင် ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်း(၄၀,၀၀၀,၀၀၀ိ/-)အား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #eq #‌npt_July_2025 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး

  • သန်လျင်ခရိုင်၊  ကျောက်တန်းမြို့နယ်၊ အ.ထ.က (တံတား) ကျောင်းတွင် Talk Show ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်) မှ တာဝန်ရှိသူများသည် (‌၃၀-၆-၂၀၂၅) ရက်နေ့ (၀၉:၀၀) နာရီအချိန်မှ (၁‌၀:၃၀)နာရီအချိန်အထိ သန်လျင်ခရိုင်၊  ကျောက်တန်းမြို့နယ်၊ အ.ထ.က (တံတား) ကျောင်းတွင်ဆရာ/ဆရာမ (၁၀)ဦး၊  ကျောင်းသား/သူ (၃၀၀) ဦးတို့နှင့်အတူ ငလျင်ဘေး အန္တရာယ်ဆိုင်ရာ Talk Show  ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun_2025 Source: ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေတို့၌‌ ဖြစ်ပေါ်နေ‌သော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

      ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ ”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)တစ်ခု ဖြစ်ပေါ် နေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။” Source: DMH